Author Archives: Thandar Aung
-
ကျိုင်းတုံမြို့နယ်၊ အမက ၇ ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၇-၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄းဝဝ) နာရီအချိန်တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ အမက ၇ ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ (၄၀) ဦးရှိကြောင်း သိရှိရပါသည်။
-
မော်လမြိုင်မြို့ မန္တလေးရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= (၁၇-၁-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ပြည်သူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မြစ်ကြီးနားမြို့ သီတာနှစ်ချင်းဘုရားကျောင်းခန်းမ၌် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁ /၂၀၁၈) ဖွင့်လှစ်မှုသတင်း
================================================= Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ သီတာနှစ်ချင်းဘုရားကျောင်းခန်းမ၌် (၈-၁-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁ /၂၀၁၈) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် UEHRD လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နှင့် နယ်သာလန်နိုင်ငံသံအမတ်ကြီးများက သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
================================================= ၁၆-၁-၂၀၁၈၊ နေပြည်တော် ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Steve marshall နှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Wouter Jurgens တို့က (၁၆-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။ နယူးဇီလန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ၏အရေးပါမှုကို သတိပြုမိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုအား ကူညီပံ့ပိုးပေးလိုပါကြောင်း ပြောကြားပြီး … Read more
-
ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြေငလျင်ဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
================================================= Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ================================================= စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈) ရက်နေ့တွင် ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြေငလျင်ဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်ရေလုပ်သားများအား (NV) ကတ် ထုတ်ပေးနေမှု ကြည့်ရှုအားပေး
================================================= ၁၄-၁-၂၀၁၈၊ စစ်တွေ ================================================= ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီဝင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်တွင် National Verification Card (NVC) ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည်သူများသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ် ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်း လုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသောအထောက်အထား ပြသနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ရေလုပ်သားများ (NV)ကတ် ကိုင်ဆောင်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ … Read more
-
မိုင်းဖြတ်မြို့နယ် ပါဆန်းကျေးရွာ အ လ က(ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် (၁၅-၁-၂၀၁၈) ရက်နေ့ နေ့လည် (၁၁း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ပါဆန်းကျေးရွာ အ လ က(ခွဲ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသူ/သား (၁၁၀) ဦးတတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုင်းဖြတ်မြို့နယ် ဝမ်လုံးကျေးရွာ အ လ က (၂၂၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
================================================= Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) ================================================= မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ကဆရ) မှ ဝန်ထမ်းများသည် (၁၅-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ် ဝမ်လုံးကျေးရွာ အ လ က (၂၂၁) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗိနိုင်းများ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/သူ (၈၀) ဦးတတ်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း
================================================= ၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့်ဘေးအန္တရာယ်တစ်မျိုး ဖြစ်ပါသည်။ ၂။ အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှုကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ(Aftershocks)လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၃။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် … Read more
-
UEHRD ၏စေတနာ့၀န်ထမ်းလူငယ်အစီအစဥ်(စတုတ္ထအဖွဲ့)အတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်ခြင်း
================================================= ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine- UEHRD)၏ စေတနာ့၀န်ထမ်း လူငယ်အစီအစဥ်(စတုတ္ထအဖွဲ့)တွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းလူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းအား (၁၄-၁-၂၀၁၈)နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှု၀န်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူငယ်ထုပါ၀င်သည့် စေတနာ့၀န်ထမ်းလူငယ်အစီအစဥ်၏ ပထမအကြိမ်သင်တန်းကို (၅-၁၁-၂၀၁၇)နေ့မှ (၂၄-၁၁-၂၀၁၇)နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်သင်တန်းကို(၂၄-၁၁-၂၀၁၇) နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိလည်းကောင်း၊ တတိယအကြိမ်သင်တန်းကို (၁၆-၁၂-၂၀၁၇)နေ့မှ … Read more
