Author Archives: Thandar Aung

  • ဖျာပုံမြို့နယ်အတွင်း ပင်လယ်ဒီ‌ရေထူးကဲစွာတက်ပြီး ‌ရေလှိုင်‌းရိုက်ခတ်မှု‌ကြောင်‌့ ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်‌း‌ကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်၊ အေးကုန်‌း၊ ခါးပြတ်၊ အောင်လှိုင်၊ ဗန္ဓာပင်‌‌ကျေးရွာများ၌ (၁၂-၈-၂၀၁၈) ရက်နေ့နှင့် (၁၃-၈-၂၀၁၈) ရက်နေ့များတွင် ပင်လယ်ဒီ‌ရေထူးကဲစွာတက်ပြီး ‌ရေလှိုင်‌းရိုက်ခတ်မှု‌ကြောင်‌့ နေအိမ်ပြိုကျပျက်စီးခဲ့သည်‌့ အိမ်‌‌ခြေ/အိမ်‌‌ထောင်စု ၃၉ စုအတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း (၁၆) မျိုး (၃၉) အိမ်‌‌ထောင်စုစာ၊ ဆန်ဖိုး‌ငွေ (၃၄၄၄၀၀) ကျပ်၊ အိမ်‌‌ဆောက်ပစ္စည်‌းဖိုး‌ငွေ (၄၀၀၀၀၀၀) ကျပ်တို့ကို (၁၄-၈-၂၀၁၈) … Read more

  • ရေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများနှင့် ထူးကဲဒီရေတက်မှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ================================================ Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ် ကော့လှိုင်ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၈၀၀၀) ကျပ်နှင့် လေဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၄၆၉၀၀) ကျပ်နှင့် (၁၃-၈-၁၈) ရက်နေ့တွင် ရေးမြို့နယ် … Read more

  • စလင်းမြို့နယ်၊ ကျေးရွာ (၄) ရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    =================================================== Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ (၄) ရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၂၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၈၀၀,၀၀၀ိ/-)၊ လူဦးရေ (၁၁၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၄၅,၇၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၄၅,၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ထောင်စု (၂၈) စုစာတို့အား (၁၄-၈-၂၀၁၈) ရက်နေ့၊ … Read more

  • မြစ်ကြီးနားမြို့၊ အ.ထ.က-၅ ကျောင်း၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း

    =================================================== Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ==================================================== ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်း မြှင့်တင်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၌ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းစေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က-၅ ကျောင်းတွင် (၁၃.၈.၂၀၁၈)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ … Read more

  • လှေမှောက်ကာ ရေစီးနှင့် မျောပါသေဆုံးသူတစ်ဦးအတွက် နာရေးထောက်ပံ့ငွေ ပေးအပ်မှုသတင်း

    =================================================== Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== (၃၀-၇-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြိတ်ထားဝယ်ကားလမ်းမ၌ ရေကျော်နေခိုက် စက်လှေဖြင့် ဖြတ်ကူးစဉ် လှေမှောက်ကာ ရေစီးနှင့် မျောပါသေဆုံးသွားခဲ့သော သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ မောင်ရှိုင်းထက်အောင်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နာရေးထောက်ပံ့ငွေ (၃) သိန်းကျပ်ကို (၈-၈-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ မိခင်ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events