================================================
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ် ကော့လှိုင်ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၈၀၀၀) ကျပ်နှင့် လေဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၉၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၁၄၆၉၀၀) ကျပ်နှင့် (၁၃-၈-၁၈) ရက်နေ့တွင် ရေးမြို့နယ် မကျီးချောင်းဝ ရင်းဒိန်းဝ၊ ဇီးဖြူသောင်ကျေးရွာများ၌ ထူးကဲဒီရေတက်မှုကြောင့် ရေထဲမျောပါပျက်စီးခဲ့သည့် လူနေအိမ် (၄) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာ၊ ပင်လယ်ထဲမျောပါ ပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀၀၀၀) ကျပ်၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၅၁၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၆၆၅၁၀၀) ကျပ်အား (၁၅-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။