===================================================
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
(၃၀-၇-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မြိတ်ထားဝယ်ကားလမ်းမ၌ ရေကျော်နေခိုက် စက်လှေဖြင့် ဖြတ်ကူးစဉ် လှေမှောက်ကာ ရေစီးနှင့် မျောပါသေဆုံးသွားခဲ့သော သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ မောင်ရှိုင်းထက်အောင်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နာရေးထောက်ပံ့ငွေ (၃) သိန်းကျပ်ကို (၈-၈-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ မိခင်ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။