Author Archives: Thandar Aung
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် လူငယ်ပရဟိတ ဖွံ့ဖြိုးရေးဂေဟာများသို့သွားရောက်
================================================= နိုဝင်ဘာ ၂၀၊ နေပြည်တော်——– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝိုင်းမော်မြို့၊ မိုင်းနားကတ်သလစ် တိုက်ပွဲရှောင်စခန်းသို့ ယမန်နေ့ နံနက် ပိုင်းတွင်ရောက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုစေရန် မြန်မာနိုင်ငံငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော အမျိုးသားကျန်းမာရေးကွန်ယက် ဆေးကုသမှု အဖွဲ့၏ဆေးကုသနေမှုအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး မိုင်းနားကတ်သလစ် တိုက်ပွဲရှောင်စခန်းရှိ ဆေးကုသမည့် လူနာများအားတွေ့ဆုံကာ စခန်းတွင်နေထိုင်သော ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကိုရင်းနှီးစွာမေးမြန်းခြင်း၊ ရှင်းလင်းဖြေကြား ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် … Read more
-
လူထုအသိပညာပေး မီးဘေးပိုစတာ ပြောင်းလဲတပ်ဆင်ခြင်း
================================================ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့၊ လူထုအသိပညာပေး မီးဘေးပိုစတာအား လူစည်ကားရာအရပ်ဖြစ်သည့် မော်လိုက်မြို့၊ မြို့မဈေးရှေ့ ချင်းတွင်းမြစ်ကမ်းဘေးတွင် ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်း
============================================ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၃:၃၀) အချိန်မှ (၁၅:၃၀) အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(ခွဲ) မင်းကုန်းကျေးရွာ စာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၂၂၀)ဦးတို့အား သဘာဝဘေးအသိပညာများ ဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအသိပညာပေး ဗီနိုင်း၊ လက်ကမ်းစာစောင်နှင့် ဘောလ်ပင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
============================================ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ============================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၌ (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀ိ/-)၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀ိ/-)၊ စုစုပေါင်း (၂၁၀၅၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၁) အိမ်ထောင်စာနှင့် Family kit (၁) ပုံးတို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်း (၂၂-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၂၇၁၀) ကျပ်ကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်အတွင်း (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ (၂) လုံးအတွက် … Read more
-
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ခြင်း
================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့၊ အုံ့မှိုးရိုးကျေးရွာအုပ်စု၊ အုံ့မှိုးရိုးကျေးရွာ၌ (၂၆-၁၀-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးသွားသည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး ကယ်ဆယ်ရေးရန်ပုံငွေ (၁) သိန်းကျပ်အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းအတွက် ထောက်ပံ့ခြင်း
================================================ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၂၆-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော ဓမ္မရက္ခိတကျောင်းတိုက်အတွင်းရှိ ဆွမ်းစားဆောင်(၁)ဆောင်နှင့် သိမ်တော်ဆောင်(၁)ဆောင်တို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)(ကျပ်နှစ်သိန်းတိတိ)အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူများ၏ မိသားစုထံ ထောက်ပံ့ခြင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၉၀၀၀၀၀ိ/-) အား (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ရာနေရာသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာအုပ်စု၌ (၂၀-၁၀-၂၀၁၈) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ပြိုကျနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၂)စုစာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး အိမ်ထောင်စု (၅) … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ကူညီထောက်ပံ့မှုများပြုလုပ်
================================================ အောက်တိုဘာ ၂၃၊ ပဲခူး——— ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်း၊ အမိုးလန်ခြင်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ (၂၃-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်၍ အားပေးကူညီထောက်ပံ့ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကို တွေ့ဆုံ ၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဝမြို့နယ်၊ သက္ကလမြို့၊ … Read more
