Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ်(၁/၂၀၁၉)” သင်တန်းဆင်းပွဲအခမ်းအနားသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၈-၁-၂၀၁၉)ရက် နေ့မှ(၃၀-၁-၂၀၁၉)ရက်နေ့ထိဖွင့်လှစ်သည့် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၁၉)”ကို သင်တန်းသား/ သင်တန်းသူ(၃၀)ဦးဖြင့်ဖွင့်လှစ်၍ သဘာဝဘေးအန္တရာယ်လျော့ချရေး ဆိုင်ရာသင်ခန်းစာများကို စာတွေ့/လက်တွေ့ သီအိုရီများပို့ချပေးခြင်း၊ ဂိမ်းများကစားခြင်း၊ သရုပ်ပြ Drill များဖြင့်ရှင်းလင်းခြင်းများဖြင့် ပို့ချပေးခဲ့ပြီး (၃၀-၁-၂၀၁၉) ရက်နေ့ (၁၆း၀၀)နာရီတွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၀၉:၃၀) နာရီတွင် မိုင်းကိုး ကျေးရွာအုပ်စု၊ ရန်ရှင်းကျေးရွာ (အမက) မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသူ/သား (၂၅၀) ဦးတို့အား လည်းကောင်း၊ (၁၃:ဝ၀) နာရီချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မောတွီကျေးရွာ (အမက) မူလွန်ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသူ/သား (၁၆၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019

  • ငလျင်ဘေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၃၀.၁.၂၀၁၉) ရက်နေ့ (၁၄;ဝ၀) နာရီအချိန်တွင် မကွေးမြို့၊ အထက (၄) အစည်းအဝေးခန်းမတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခြင်းနှင့် ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ သူ (၅၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် (၁၄;၃၀) နာရီတွင် ငလျင်ဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ/ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့တို့၏ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်းခြင်း၊ အကာအကွယ်ယူခြင်း၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီမှ(၁၄း၃၀) နာရီအချိန်ထိ ဇမ္ဗူသီရိမြို့နယ် ၊အ.ထ.က(၇)စာသင်ကျောင်းတွင်  ကျောင်းသူ/ကျောင်းသား (၂၇၀)ဦးတို့အား သဘာဝဘေး အသိပညာများ ဟောပြောခဲ့ပြီး ကျောင်းအတွက်ဗီနိုင်းပိုစတာများ၊ ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ တာဝန် ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မိုးဆွေကျေးရွာတွင် (၃၀-၁-၂၀၁၉) ရက်နေ့၌ ကျောင်းသား/ သူ (၁၂၀) ဦးနှင့် ကျေးရွာသူ/သား (၈၀) ဦးတို့အား ဦးစီးဋ္ဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ် ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_Jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန်ထိ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၃၂)ဦးတို့ကို ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပို့ချခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်ထိ ပခုက္ကူ ခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအုပ်စု၊ သက်ရွာကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာ ဗဟုသုတများရရှိစေရန် ကျေးရွာသား/ကျေးရွာသူ(၉၇)ဦးအားလည်းကောင်း၊ (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန် အထိ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင် ကျေးရွာသား/ကျေးရွာသူ(၉၅)ဦးတို့အား Pakokku Royal Reviewဂျာနယ် အယ်ဒီတာချုပ်၊ဦးနေဦးမောင်မှ သဘာဝဘေးနှင့်ပက်သက်၍ အသိပညာများ၊ထင်မြင်ယူဆချက်များအား ဆွေးနွေးခြင်းအားလည်းကောင်း၊ ရွှေကန်မြေလူမှုကူညီရေးအသင်း၊ဥက္ကဌ ဦးသန်းကျော်သူမှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ဖြစ်ပွားပြီးချိန်များ၌ ဒေသခံCSOsများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့်ပက်သက်၍ ဆွေးနွေးခြင်းအား လည်းကောင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန်ထိ သထုံမြို့ နယ်၊ လိပ်အင်းရပ်ကွက် အ.ထ.က(၁)တွင် ကျောင်းသူ/ကျောင်းသား (၃၇၀)ဦးတို့အား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ကျောင်းအတွင်း နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_jan2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီမှ(၁၅း၀၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊အေးချမ်းသာ အထက(ခွဲ)တွင်  ကျောင်းသူ/ကျောင်းသား (၃၅၀)ဦးတို့အား သဘာဝဘေး အသိပညာများ ဟောပြောခဲ့ပြီး ကျောင်းအတွက်ဗီနိုင်းပိုစတာများ၊ ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_jan2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် (၂၇-၁-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၁) အိမ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦး မီးဘေးသင့်ခဲ့၍ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄၇၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၄၇၀၀ိ/-) … Read more

Sign Up

Upcoming Events