Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် ပူးပေါင်း၍ အုတ်ဖိုမြို့နယ်၊ နနွင်းကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူ/သားများ၊ ပတ်ဝန်းကျင်ရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးရွာစာရေးများ၊ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား … Read more

  • ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တာလေမြို့နယ်၊ ဝမ်ကန်နားကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်မှ (၂း၀၀) နာရီအချိန်အထိ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ  ကျေးရွာသူ/ကျေးရွာသား (၅၀) ဦး တတ်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ar_eqk #shn_feb2019 Source:         မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

              ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတို့က ဦးဆောင်ကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဖေဖော်ဝါရီ (၁၃)ရက်နေ့သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ဖြစ်ပြီး ထိုနေ့ကို  မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှု၊ ခေါင်းဆောင်ကောင်းပီသမှုနှင့် နိုင်ငံချစ်စိတ်များ ကိုစံပြအဖြစ် ကလေးများအတုယူစေရန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုဖြင့် လွတ်လပ်ရေး အရယူ ပေးခဲ့သည်ကို သိရှိအမှတ်ရလျက်၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားယာဉ်ရပ်နားကွင်း၌ (၁၂-၂-၂၀၁၉) ရက်နေ့တွင်ကျရောက်သော (၇၂) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးပြခန်းအား ခင်းကျင်းပြသခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားမောင်မယ်များနှင့် အများပြည်သူများ လာရောက်ကြည့်ရှုခဲ့ ပါကြောင်းသတင်းရရှိပါသည်။ Source:         ပဲခူးတိုင်းဦးစီးမှူးရုံး (ဘစမ) #otr #bgo_feb2019  

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဇိုင်းကျေးရွာ၊ ဘုန်းကြီးကျောင်း (ဓမ္မာရုံ)၌ (၈-၂-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်အထိ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။  အခမ်းနားပြီးနောက် နံရံကပ်ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_feb2019  

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးပြခန်း ခင်းကျင်းပြသမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ (၇-၂-၂၀၁၉) ရက်နေ့တွင်ကျရောက်သော ရှမ်းပြည်နယ်နေ့မှ (၁၂-၂-၂၀၁၉) ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုနေ့အထိ (၆) ရက်တိုင်တိုင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးပြခန်းအား ခင်းကျင်းပြသထားရာ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ တိုင်းရင်းသားပြည်သူများ၊ စုစုပေါင်းလူဦးရေ (၁၅၀၀) ဦးခန့်လာရောက်ကြည့်ရှုခဲ့ကြပြီး ကြည့်ရှုသူများအား ရှင်းလင်းပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #shn_feb2019

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လင်းခေးခရိုင်၊ လင်းခေးမြို့နယ်နှင့် မိုင်းပန်မြို့နယ်မှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၁,၅၆၈) စု၊ လူဦးရေ (၇,၄၇၅) ဦးအတွက် (၄၀,၅၂၀,၇၆၀/-) ကျပ်တန်ဖိုးရှိအခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ (၁၄) ရက်စာအား ဖေဖေါ်ဝါရီလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့များတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှတစ်ဆင့် ကွင်းဆင်းထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_feb2019

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၃-၂-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်း ပပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးကော်မတီ ဝင်များနှင့် မင်းဘူးမြို့နယ်အတွင်းမှ သင်တန်းသား (၃၀) ဦးတက်ရောက်ပါသည်။ အဆိုပါသင်တန်းကို (၁၃-၂-၂၀၁၉) ရက်နေ့မှ (၁၅-၂-၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source:         မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2019  

  • ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၂-၂၀၁၉)ရက်နေ့၊ (၀၉၃၀)နာရီမှ (၁၂း၀၀)အထိပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအုပ်စု၊ ဇီးတောကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာသား/သူ(၁၅၀)ဦးအားအသိပညာပေးဟောပြောဆွေးနွေးခြင်း၊  အောက်ဆီဂျင်အခမဲ့လူမူကူညီရေးအသင်း၊ဥက္ကဌ၊ ဦးဝဏ္ဏ္ဏ္ဏအောင်မှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ဖြစ်ပွားပြီးချိန်များ၌ ဒေသခံ CSOs များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပက်သက်၍ ဆွေးနွေးခြင်း၊ မဇ္ဈိမသတင်းဂျာနယ်၊ သတင်းထောက်၊ ဦးပြည့်ဖြိုးကျော်မှ သဘာဝဘေးနှင့်ပက်သက်၍အသိပညာများ၊ ထင်မြင်ယူဆချက်များအားဆွေးနွေးခြင်း၊ ရင်ခွင်မဲ့ကလေငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ ရေစကြိုမြို့နယ်၊ အတွင်းရေးမှူး၊ ကိုကျော်သူသူမှ သက်ငယ်မုဒိန်းလျော့ချရေးနှင့် လူကုန်ကူးမှု ပပျောက်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး … Read more

  • မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ဘုရားကျေးရွာတွင်  (၉-၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်   အိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်၊  လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၇,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၇,၃၀၀)ကျပ် နှင့်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၂)စု၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၂)စုစာတို့အား (၁၂-၂-၂၀၁၉)ရက်နေ့ (၁၁၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events