Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စု၊ ဘီတွတ်ကျးရွာ၌ (၂၇-၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူူ (၉၅) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb2019 Source:         လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • ကသာခရိုင်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ (၂၅-၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်နေအိမ် (၅) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၅) အိမ်ထောင်စုစာအားလည်းကောင်း၊ သစ်ပင်ပိပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာအားလည်းကောင်း၊ ဆေးရုံတက်ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊ … Read more

  • မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ (၈) ခု၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်

    မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ(၈)ခု၏ ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့်  ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး  တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ဖော်ဆောင်ရန် လက်တွေ့ကျသည့် အစည်းအဝေးဖြစ်သည့်အတွက် အလွန်အရေးကြီး ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ အခွင့်ရေးတို့ကို ညီတူညီမျှရရှိရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် … Read more

  • မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၂-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ်‌‌ကျေးရွာ အုပ်စု၊ ဂေါ်ဒူ‌ကျေးရွာရှိ School Cum Shelter ၌ မုန်တိုင်‌းသဏ္ဍာန်တူဇာတ်တိုက်‌‌လေ့ကျင့်ခန်‌းအား ကျင်းပ ပြုလုပ်ခဲ့ရာ အမာမြို့အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်‌းမာ‌ရေးဦးစီးဌာန၊ ကြက်‌‌ခြေနီအဖွဲ့၊ ပြန်ကြား‌ရေးနှင်‌့ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ကျေးရွာ‌ကော်မတီအဖွဲ့ဝင်များနှင်‌့ ကျေးရွာနေပြည်သူများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးတက်‌‌ရောက်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာနေပြည်သူများအား သဘာဝ‌ဘေးအသိပညာ‌ပေး‌ဟော‌ပြောခြင်‌း၊ Shelter အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်း၊ မီး‌ဘေးအသိပညာ ပေးခြင်‌း၊ အ‌ရေး‌ပေါ်အသက်ကယ်တင်‌ခြင်‌းဆိုင်ရာ အသိပညာ‌ပေးခြင်‌းတိုကို သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက … Read more

  • မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့ပူးပေါင်း၍ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာအုပ်စု၊ဒွေးချကျေးရွာ၌ မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းတို့ဆောင်ရွက်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူများ၊ ဒွေးချကျေးရွာမှ ရွာသူ/သားများနှင့် ကျောင်းသူ/သားများ၊ စုစုပေါင်းလူဦးရေ (၃၉၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌  မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မုန်တိုင်းဘေးဒဏ် ခံရလေ့ရှိသောဒေသများ၌ ဘေး အန္တရာယ်ကျရောက်လာပါက … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ငမဲကန်ကျေးရွာအုပ်စု၊ အောင်ညီသာကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့၊ (၁၄း၅၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁) လုံး၊  အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာအား (၂၆-၂-၂၀၁၉) … Read more

  • ရိုးကြီးရွာမ IDP စခန်းမှ နန့်လှိုင်ရွာသစ်ကုန်းသို့ ပြောင်းရွှေ့သွားသည့် အိမ်ထောင်စုများအားထော က်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ သက်ဆိုင်ရာဌာန အကြီးအကဲများနှင့်အတူ ဗန်းမော်မြို့နယ်၊ ရိုးကြီးရွာမ IDP စခန်းမှ နန့်လှိုင်ရွာသစ်ကုန်းသို့ ပြောင်းရွှေ့သွားသည့် အိမ်ထောင်စုများအား (၂၆-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာ ပြောင်းရွှေ့အိမ်ထောင်စု (၁၁) စုအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁၁) စုစာနှင့် လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာ (၁) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၌ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်အထိ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား စုစုပေါင်းလူဦးရေ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး အခမ်းအနား၌ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအားဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များနှင့်ဗီနိုင်း ပိုစတာများဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2019 Source:         ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)    

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၂-၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီ အချိန်တွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊နန်းဖဲကျေးရွာရှိ ရပ်ရွာပြည်သူ(၈၂)ဦးအား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh _feb2019  

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    (၂၄-၂-၂၀၁၉)ရက်နေ့(၀၃:၁၀) အချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ေျကျးရွာအုပ်စု၊ ကျည်တောင် ကျေးရွာပေါင်းလောင်းရေအား လျှပ်စစ်ဝန်း၊ နေအိမ်အတွင်း ဝါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး (၉၀ x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၉)ခန်းတွဲ(၂)ဆောင် မီး လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၆၈)ဦး မီးဘေးသင့်ခဲ့ ပါကြောင်း ဘေးသတင်းရရှိခဲ့သည့်အတွက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီးမင်းနောင်၊ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူ များသည် … Read more

Sign Up

Upcoming Events