လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့ပူးပေါင်း၍ (၂၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာအုပ်စု၊ဒွေးချကျေးရွာ၌ မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်းတို့ဆောင်ရွက်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးဌာမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူများ၊ ဒွေးချကျေးရွာမှ ရွာသူ/သားများနှင့် ကျောင်းသူ/သားများ၊ စုစုပေါင်းလူဦးရေ (၃၉၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ မုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မုန်တိုင်းဘေးဒဏ် ခံရလေ့ရှိသောဒေသများ၌ ဘေး အန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန်နှင့် ပြည်သူများ၏ အသက်စည်းစိမ်ထိခိုက်မှုသက်သာစေနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များ၊ မုန့်များနှင့် ရေသန့်ဗူးများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#simex_str
#rke_feb2019
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)