Author Archives: Department of Disaster Management

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂုံမင်းဆိပ်ကျေးရွာအုပ်စု တူးမြောင်းကျေးရွာ၌ (၂၉-၃- ၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့်   ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၃) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၁၀၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၃)စုအတွက် ငွေကျပ် (၃၀၀,၀၀၀)၊ လူဦးရေ (၁၉) ဦးအတွက် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၁၉) ရက်နေ့၌ တန့်ဆည်မြို့နယ်၊ ရွာရှည်မြောက်ကျေးရွာအုပ်စု၊ သာဂလကျေးရွာတွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်  လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (စက္ကူဘူးပါ) (၆) မျိုးတို့အား (၂-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရယ်အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပညာရေးကောလိပ်ရှေ့၊ ကြာပန်းအဝိုင်းနှင့် မကွေးမြို့ ကားကြီးကွင်းဝန်းအတွင်း၌ သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား ပြည်သူများသဘာဝဘေးအသိပညာများ တိုးပွား စေရန်ရည်ရွယ်၍ (၂-၄-၂၀၁၈) ရက်နေ့တွင် စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။# ar # mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • တောမီးကြောင့်သေဆုံးသူနှင့် ဒဏ်ရာရလူနာများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၃၀.၃.၂၀၁၉) ရက်နေ့တွင် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲမြောက်ကျေးရွာမှ တောမီးလောင်ကျွမ်း၍သေဆုံးသူ (၃) ဦးအတွက် သေဆုံးသူထောက်ပံ့ကြေးငွေ (၉၀၀၀၀၀) ကျပ် ၊ ဒဏ်ရာရလူနာ (၃) ဦးအတွက် ဒဏ်ရာရထောက်ပံ့ကြေးငွေ (၁၅၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ကြေးငွေ (၁၀၅၀၀၀၀) ကျပ်တို့အား (၂-၄-၂၀၁၉) ရက်နေ့တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။# ha_ fir # sgg_apr2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအန္တရာယ်ကြိုတင်ကာကွယ် ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉) ရက်နေ့၌ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာတွင် လေပြင်းဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံ နိုင်ရည်ရှိသည့် လူနေအိမ်များဖြစ်စေရေးအတွက်မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျေးရွာ ပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀)နာရီမှ (၁၂:၀၀) နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာတွင်ပြည်သူလူထု (၁၈၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီ၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ကော့ခွယ် ကျေးရွာတွင်ပြည်သုလူထု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဋ္ဌာနလုပ်ငန်း ဆောင်ရွက်မှုများနှင့် ဘသာဝဘေးအန္တရာယ် ဆောင်ရန် /ရှောင်ရန်များအား ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာတွင် (၂၉-၃-၂၀၁၉) ရက်နေ့၊ (၁ရး၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အောင်သာကျေးရွာရှိ မြင့်မိုရ်ဦးဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက် ပစ္စည်းအလှူငွေ (၁၀၀၀၀၀) ကျပ်အား (၁-၄-၂၀၁၉) ရက်နေ့ (၁၄:၀၀) အချိန်တွင် ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။# ha_sgw #npw_apr2019

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျက်ရှိသော နက်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောကျေးရွာရှိ အိမ်ခြေ (၁၆၀)၊ အိမ်ထောင်စု (၁၂၂)၊ လူဦးရေ (၉၅၇) ဦးတို့အား (၁.၄.၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်တွင် သောက်သုံးရေဂါလံ (၆၀၀၀)  သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    ဘူးသီးတောင်မြို့နယ်၊ ကျွဲရိုင်းခတ်ကျေးရွာအုပ်စု၊ စက်ခေါ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ(၂၅၇)ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန် (၃၇)အိတ် (၁၁)ပြည်( ၄)ဘူး၊ ဆီ( ၄၄.၉၇၅)ပိသာ၊ ဆား (၈.၉၉၅)ပိသာ၊ ပဲ (၁၇၉.၉)ပိသာ တို့အား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးဦးမောင်မောင်ကြီး၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေဟိန်းကျော်တို့နှင့်အတူ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၁-၃-၂၀၁၉)ရက်နေ့တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။ #ha_otr #rke_mar2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events