Author Archives: Department of Disaster Management

  •  လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉) ရက်နေ့၌ လေဘေးဖြစ်ပွားမှုကြောင့်  ကြံခင်းမြို့နယ်၊ ကျေးရွာအုပ်စု (၅) အုပ်စုအတွင်းရှိ ကျေးရွာ (၁၂) ရွာတို့တွင် အိမ်ခြေ (ဝါးအိမ်) (၂) လုံး ပြိုလဲပျက်စီးခြင်းနှင့် အိမ်ခြေ (၅၂) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၉၁၀၀၀၀) ကျပ်၊ ဘာသာရေးအဆောက်အဦ (၁) ကျောင်း တစ်စိတ် တစ်ပိုင်းပျက်စီးခြင်းအတွက် ထောက်ပံ့ ငွေ (၁၀၀၀၀၀) ကျပ်၊  ဘေးသင့်လူဦးရေ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

      မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာအုပ်စု၊ ထိုပူးကျေးရွာ၌ (၃၀-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးဘေးသင့်မှုကြောင့် ရုံးမိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၁) ထပ်လူနေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ပြီး မီးဘေးသင့်လူဦးရေ (၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၀၅ဝဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်နှင့်  (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊  စုစုပေါင်းထောက်ပံ့ငွေ (၁၁၀၅၀ဝ) ကျပ်တို့အား (၄-၄-၂၀၁၉) ရက်နေ့ (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး … Read more

  • မီဘေးထောက်ပံ့မှုသတင်း

      မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအုပ်စု၊ နန့်ဟိုင်ကျေးရွာ၌ (၃၀-၃-၂၀၁၉) ရက်နေ့ (၀၉:၄၅) အချိန်တွင် မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ  ရုံးမိုး၊ ဝါးထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည်နေအိမ် (၁) လုံး မီးဘေးသင့်ခဲ့ပြီး  အဆိုပါ မီးဘေးသင့်မှုအတွက် အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၂၆ဝဝ) ကျပ်နှင့် (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၆၀ဝ) ကျပ်တို့အား (၃-၄-၂၂၀၁၉) ရက်နေ့တွင် … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက် ရှိသော မြို့သစ်မြို့နယ်၊ လေးတိုင်စင်ကျေးရွာအုပ်စု၊ သားမျှားကျေးရွာရှိ အိမ်ခြေ (၁၁၇)၊ အိမ်ထောင်စု (၁၂၅)၊ လူဦးရေ (၇၃၀) ဦးတို့ကို သောက်သုံးရေဂါလံ (၆၀၀၀) အား (၃-၄-၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။ # ha_drg # mgy_apr2019 မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)  

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပွယ်ဆေးနှင့်အတူ ကြို့ပင်ကောက်မြို့နယ်၊ ကျခတ္တန်းကျေးရွာအုပ်စု၊ ရှားစီးဘိုကျေးရွာ၌ (၂-၄-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေကျပ် (၁,၂၀၀,၀၀၀)၊ လူဦးရေ(၂၉)ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၀,၉၀၀)၊ ဒဏ်ရာရရှိသူ (၁)ဦးအတွက်ထောက်ပံ့ငွေကျပ် (၅၀,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁,၃၁၀,၉၀၀) (ကျပ်တစ်ဆယ်သုံးသိန်းတစ်သောင်းကိုးရာတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၆)အိမ်ထောင်စုစာတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ရုံးမှလက်ထောက်ညွှန်ကြားရေးမှူးl ဦးသန်းစိုး-၂ ဦးဆောင် သောအဖွဲ့သည် (၂-၄-၂၀၁၉) ရက်နေ့၊ နံနက် (၁၆:၀၀) နာရီမှ (၁၇:၀၀) နာရီအချိန်ထိ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ) တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအသိပညာ တိုးတက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မြို့နယ်အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ # ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)  

  • ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၉)ရက်နေ့တွင် လေဘေးကြောင့် အမိုးလန်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ လိတ္ထူကျေးရွာအုပ်စု၊ အင်ကြင်းမြိုင်ကျေးရွာရှိ အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ(၁၂၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၂)အိမ်ထောင်စာနှင့် မြိုင်သာယာကျေးရွာ၌ အိမ်ခြေ(၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၁)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၃)အိမ်ထောင်စာတို့အား (၂-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့ နံနက် (၀၉:၃၀) နာရီမှ (၁၂:၀၀)နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်မန်းကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၅၀)ဦး တို့အားလည်းကောင်း (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာတွင် ကျေးရွာနေပြည်သု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲတွင် ဦးစီးဋ္ဌာနလုပ်ငန်းဆောင်ရွက်မှုများ၊ ဘသာဝဘေးအန္တရာယ်ဆောင်ရန်ရှောင်ရန်များ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၁၉) ရက်နေ့ (ဝရ:ဝဝ) ချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၁) စံပြဈေးကြီးနှင့် အမှတ်(၂) မဲဘောင်ဈေးတို့၌ ပြည်သူလူထု စုစုပေါင်း (၄၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော မိုးကြိုးဘေးနှင့် မီးဘေးများ၏ ဆောင်ရန်/ ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များ၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစာစောင်များအား ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #krn_apr2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကသာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၁-၄-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စု အတွက်အိမ်ဆောက်ပစ္စည်းတန်ဖိုး (၄၀၀,၀၀၀)နှင့် လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၃၇,၈၀၀)တို့အား (၂-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events