Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်ဖျာပုံမြို့နယ်၊ ကနိကျေးရွာအုပ်စု၊ချောင်းဝကျေးရွာ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ (၂၈-၄-၂၀၁၉)ရက်နေ့တွင် ချောင်းဝကျေးရွာသူ/ရွာသား(၈၀)ဦးအားမုန်တိုင်းအန္တရာယ် ဆောင်ရန်/ရှောင်ရန်များနှင့်အယ်လ်နီညိုဖြစ်ပေါ်မှုအခြေအနေနှင့်ရှောင်ရန်/ဆောင်ရန်များ၊မိမိပတ်ဝန်းကျင်တွင်လေကာမိုးကာသစ်ပင်များစိုက်ပျိုးရန်တို့ကိုအသိပညာပေး ဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar # ayy_apr2019  

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီးခဲ့သည့်ဘာသာရေးအဆောက်အဦ(၂)လုံး၊ အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၅၀၀၀၀၀/-) ကျပ်အားလည်းကောင်း၊ ပြိုကျ/ပျက်စီးအိမ်ခြေ(၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၂၂)စုစာနှင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀၀၀/-) ကျပ်အားလည်းကောင်း (၂၇-၄-၂၀၁၉) ရက်နေ့ ၊နံနက်(၀၉း၀၀)အချိန်တွင် လွယ်တော်ခမ်းကျေးရွာအုပ်ချူပ်ရေးမှူးရုံး၌ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတို့နှင့် အတူ ဘေးသင့်ပြည်သူ့ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #shn_apr2109Source: တာချီလိတ်ခရိုင်ဦးစီးမှူးရုံး … Read more

  • ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉)ရက်နေ့က ညောင်ဦးမြို့နယ်၊ အမှတ်(၁)ရက်ကွက်၊ သီရိမင်္ဂလာရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦး မီးဘေးသင့်ခဲ့သောကြောင့် ဆန်ရိက္ခာ (၇) ရက်စာ တန်ဖိုးငွေ (၈,၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၁)အိမ်ထောင်စာတို့အား (၂၇-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစုများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉) ရက်နေ့က မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ရာမညလမ်းတွင် သောက်သုံးရေရှားပါးမှုတွေကြုံနေရသော ပြည်သူများအတွက် ရေဂါလန် ၁၂၀၀ (၅၄၀၀ လီတာ)အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့တွင် ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကုလားမတောင်ကျေးရွာများ၌ သောက်သုံးရေပြတ်လပ်လျက်ရှိပါသဖြင့် အကူအညီတောင်းခံလာမှုအပေါ်( ၈) ဂါလံဆံ့ ပုံး(၁၅၀) ဖြင့် ရေဂါလံ (၁၂၀၀) အား ကျွန်းလေး ၃ စက်လှေဖြင့် တင်ဆောင်၍ (၂၇-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာပြည်သူများထံသို့ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

  • သောက်သုံးရေ လှူဒါန်းမှုသတင်း

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော မြိတ်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာနှင့် တောင်ဖီလာကျေးရွာတို့မှ ပြည်သူများအတွက် သောက်သုံးရေ စုစုပေါင်း ဂါလံ(၂၄၀၀)အားသွားရောက်လှူဒါန်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_drg # tny_ apr2019  

  • ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉)ရက်နေ့က  ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့ကျေးရွာသို့  ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ် (၁)စီး၊ ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောလျာခူကျေးရွာသို့ ဂါလံ (၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်းရေသယ်ယာဉ်(၂)စီးဖြင့် ဒီမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများအတူ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

  • လူမှုဝန်ထမ်းဦးစီးဌာန၏ (၅၅)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြုစုစောင့်ရှောက် ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးဂေဟာများနှင့် ကလေးပြုစုရေးဌာနများရှိ လူငယ်များ၊ အမျိုးသမီးငယ်များနှင့် ကလေးငယ်များအား စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းရုံး၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မုံရွာဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ၏ ပရိတ်တရားတော်နာယူ ပူဇော်ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ … Read more


    ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၁၉) =================================== ၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတင်း ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ======================== (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့ တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ”(FANI)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့ဘက် မိုင်(၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၇-၄-၂၀၁၉)ရက်နေ့တွင် ရေလာကျေးရွာအုပ်စု၊ ရေလာလေးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေဌခြင်းနှင့် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ(၁၇၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events