
59234825_1285499288271813_5244083325282287616_n 59552345_1285499161605159_370079220019232768_n

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၅/၂၀၁၉)
===================================

၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတင်း

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
========================
(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့ တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ”(FANI)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့ဘက် မိုင်(၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင်ဘက် မိုင် (၄၈၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၅၇၀)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
=====================================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု(၈.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၅၅)မိုင် နှုန်း ဖြစ်ပါသည်။

နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
==========================
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် နောက်(၆)နာရီအတွင်း အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “ဖန်နီ”(FANI)အဖြစ်သို့လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့လျား ပြီး၊ နောက်(၇၂)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

အကြံပြုချက်
==========

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။

Sign Up

Upcoming Events