လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့တွင် ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကုလားမတောင်ကျေးရွာများ၌ သောက်သုံးရေပြတ်လပ်လျက်ရှိပါသဖြင့် အကူအညီတောင်းခံလာမှုအပေါ်( ၈) ဂါလံဆံ့ ပုံး(၁၅၀) ဖြင့် ရေဂါလံ (၁၂၀၀) အား ကျွန်းလေး ၃ စက်လှေဖြင့် တင်ဆောင်၍ (၂၇-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာပြည်သူများထံသို့ သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg
#ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး