လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီးခဲ့သည့်ဘာသာရေးအဆောက်အဦ(၂)လုံး၊ အိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၅၀၀၀၀၀/-) ကျပ်အားလည်းကောင်း၊ ပြိုကျ/ပျက်စီးအိမ်ခြေ(၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု(၂၂)စုစာနှင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀၀၀/-) ကျပ်အားလည်းကောင်း (၂၇-၄-၂၀၁၉) ရက်နေ့ ၊နံနက်(၀၉း၀၀)အချိန်တွင် လွယ်တော်ခမ်းကျေးရွာအုပ်ချူပ်ရေးမှူးရုံး၌ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲတို့နှင့် အတူ ဘေးသင့်ပြည်သူ့ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#shn_apr2109Source: တာချီလိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events