Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့၌ မကွေးမြို့နယ်၊ သင်္ဘောဆိပ်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၂၀) ဦးခန့်တို့အား သဘာဝဘေးစီမံခန့်ခွဲမှုအကြောင်းများ၊ မီးဘေး၊ ငလျင်ဘေးနှင့် ပတ်သတ်သည့် ဆောင်ရန် ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း တို့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု (၁၇) စုတို့တွင်၊ ပြိုလဲနေအိမ် (၂၃) လုံးပြိုလဲဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် အမိုးလန်နေအိမ် (၁၉၃) လုုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၇၉၂၇၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၂၃) စုရှိ လူဦးရေ (၈၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၈၆၉၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ … Read more

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပေါက်မြို့နယ်၊ အိုင့်မေကျေးရွာအုပ်စု၊ သစ်ကြီးတော တောတဲတိုက်ရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၅၀) လုံး၊ အိမ်ထောင်စု (၅၀) စု၊ လူဦးရေ (၂၃၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၂၅၀၀) အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများဖြင့်ပူးပေါင်း၍ ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ မော်လိုက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ တံတားဦးဘုန်းကြီးကျောင်းတွင် ရပ်ကွက်နေပြည်သူ (၃၅) ဦးကို အပူဒဏ်ကာကွယ်ရေးအကြောင်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #sgg_may2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြူချောင်းကျေးရွာ (အရှေ့ပိုင်း) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၀) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၅၈၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်‌းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်ထိ ကျူချောင်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ လူဦးရေ(၁၂၀)ဦးခန့်အား မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင်‌့ပူး‌ပေါင်‌း၍ သဘာဝ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်‌းပခဲ့ပြီး လက်ကမ်‌းစာ‌စောင်များလည်‌းဖြန့်‌ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စားစွာ တက်‌‌ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_may2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မုံရွာမြို့နယ်၊ ကျောက်စစ်ပုံတောင် ကျေးရွာအုပ်စု၊ ကြက်မွေးမြူရေးဇုံမှ မီးဘေးသင့်အိမ်ခြေ (၂၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၇၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၁၇၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၃) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၆၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၂၁၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဗန်းမော်မြို့နယ်၊ စင်ခန်းကျေးရွာအုပ်စု၊ မြလယ်ကျေးရွာရှိ ပျက်စီးနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (ပလပ်စတစ်ပုံးအပါ)၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀၀/-) ကျပ်အား  (၉-၅-၂၀၁၉) ရက်နေ့တွင် … Read more

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၁၉) ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ ဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ်(၁)စီးဖြင့် အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများနှင့်အတူ သောက်သုံးရေများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_drg #kyh_may2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events