မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မုံရွာမြို့နယ်၊ ကျောက်စစ်ပုံတောင် ကျေးရွာအုပ်စု၊ ကြက်မွေးမြူရေးဇုံမှ မီးဘေးသင့်အိမ်ခြေ (၂၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၇၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၁၇၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၃) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၆၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၂၁၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၉) အိမ်ထောင်စာတို့အား စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ မုံရွာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး၊ မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး၊ ကြက်မွေးမြူရေးဇုံ ဥက္ကဋ္ဌတို့နှင့်အတူ (၉-၅-၂၀၁၉) ရက်နေ့တွင် ဘေးဖြစ်ပွားရာနေရာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_fir
#sgg_may2019

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events