လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ မော်လိုက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ တံတားဦးဘုန်းကြီးကျောင်းတွင် ရပ်ကွက်နေပြည်သူ (၃၅) ဦးကို အပူဒဏ်ကာကွယ်ရေးအကြောင်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#sgg_may2019
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)