လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ပေါက်မြို့နယ်၊ အိုင့်မေကျေးရွာအုပ်စု၊ သစ်ကြီးတော တောတဲတိုက်ရှိ် ကျေးရွာနေပြည်သူ အိမ်ခြေ (၅၀) လုံး၊ အိမ်ထောင်စု (၅၀) စု၊ လူဦးရေ (၂၃၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၂၅၀၀) အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်ပြည်သူများဖြင့်ပူးပေါင်း၍ ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)