Author Archives: Department of Disaster Management

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၉)ရက်နေ့က မြန်အောင်မြို့နယ်၊ အုပ်စု(၃)စု (ကျွဲတဲကုန်း၊ လေးတူးလေး၊ တောကျွဲလူး)၊ ကျေးရွာခွဲ(၇)ရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲအိမ် -၂လုံး တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၈)လုံး၊ စုစုပေါင်းအိမ်ထောင်စု(၁၀)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၅၅၅,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၉၀,၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး- (၂)  အိမ်ထောင်စာတန်ဖိုး (၆၄,၇၀၆)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၇၁၀,၀၀၆)ကျပ်အား   မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၁၀-၅-၂၀၁၉)ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကဝမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သင်ဘန်းကန်ကျေးရွာအုပ်စု၊ သင်ဘန်းကန်ကျေးရွာနှင့် လက်ပံခါးရှည်ကျေးရွာအုပ်စု၊ လက်ပံခါးရှည်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုမှ အမိုးလန်နေအိမ်(၅)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅,၀၀၀)ကျပ်အား (၁၀-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉)ရက်နေ့(၁၆၃၀)အချိန်က ဥတ္တရသီရိမြို့နယ်အတွင်းရှိ မင်းကုန်းကျေးရွာအုပ်စု၊ အောင်သုခကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးခြင်းဖြစ်ပွားခဲ့သော လူနေအိမ်(၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းတန်ဖိုး (၂၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၇) ဦးအတွက် ဆန်ရိက္ခာတန်ဖိုးငွေ(၁၄,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄,၇၀၀)အား ဖြစ်ပွားသည့်နေ့မှာပင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့က ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲ(ဝါး)အိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၇၀,၀၀၀)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက်(၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၃၁,၅၀၀)၊  ပြိုလဲအိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးတန်ဖိုးငွေ (၃၂,၃၅၃)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၃,၈၅၃)ကို (၁၀-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့၊ ညနေ(၁ရ၃၀)နာရီအချိန်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပါဘီး(၃)ကျေးရွာတွင် ကလေးမီးဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ(ဝါးသက်ကယ်မိုး)နေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ(၆)ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေကျပ် (၁၂,၆၀ဝ)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၁၀၀,၀၀ဝ)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀ဝ)အား (၁၀-၅-၂၀၁၉)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဌာန(၅)ခုမှ ဒေးဒရဲမြို့နယ်အတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင်အားနည်းချက်အားသာချက်များဖေါ်ထုတ်ဆွေးနွေးခဲ့ကြရာ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမြေနေရာရရှိရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက် နေသည့် Shelter (၅) လုံးတည်ဆောက်မှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၁၃)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁၆)လုံးနှင့် အမိုးလန်နေအိမ်(၁၂၇)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၈၂၅၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁၆)စုရှိ လူဦးရေ(၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၉၂၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၁၀၀၆၅၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ၊ (ပလပ်စတစ်ပုံးအပါ) (၁၆) အိမ်ထောင်စာအား (၁၀-၅-၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေး(အလယ်ရပ်)တွင် (၈-၅-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)၊လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆,၈၀၀)၊စုစုပေါင်း(၂၁၆,၈၀၀)အား (၉-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုင်းထိသေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၉-၅-၂၀၁၉)ရက်နေ့၌ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ RC camp-1 မှ မိုင်းထိမှန်သေဆုံးတစ်ဦးအတွက် (၃၀၀,၀၀၀) ကျပ်ကို (၁၀-၅-၂၀၁၉)ရက်နေ့နေ့လည်(၁:၀၀)နာရီအချိန်၌ ကျန်ရစ်သူမိသားစုများထံသို့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #krn_may2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်                 (၅-၅-၂၀၁၉) ရက်နေ့နှင့် (၇-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၆) စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄၈) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန်နေအိမ် (၃၇၆) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၇၁၉၈၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၄၈) စုရှိ လူဦးရေ (၂၀၇) ဦး … Read more

Sign Up

Upcoming Events