Author Archives: Department of Disaster Management

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ လွဲလော၊ လွဲစွန်း၊ မန်ပင်ကျေးရွာအုပ်စု၊ လွဲလောကျေးရွာနှင့် မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်အုပ်ချုပ်ရေးမှူးတို့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ လူဦးရေ စုစုပေါင်း (၁၆၀) ခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်း၊  မြို့ဦး(အ.မ.က) မူလွန်ကျောင်းတွင်လည်း အသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခြင်းနှင့် ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar kcn_jun2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  တိုက်ပွဲရှောင်မှုကြောင့် တောင်ယာနှင့် လယ်ယာလုပ်ကိုင်ရန်အခက် အခဲဖြစ်ခဲ့သော ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာအုပ်စု၊ တိုက်တီးကျေးရွာမှ အိမ်ထောင်စု (၈၇) စု၊ လူဦးရေ (၁၈၇) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၅၈) အိတ်၊ (၁၀) ပြည်၊ (၄) ဘူးနှင့် ကဲဆန်ကျမ်းဒုံးကျေးရွာမှ အိမ်ထောင်စု (၉၆) စု၊ လူဦးရေ (၂၈၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၉၀) အိတ်၊ (၇) … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၅-၂၀၁၉) ရက်နေ့၌ ပဲခူးမြို့နယ်၊ လှော်ကား ကျေးရွာအုပ်စု၊ ဘုရားလေးကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးမှ အမိုးလန်နေအိမ် (၁) လုံးနှင့် အမိုးလန် ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းတို့အတွက် အိမ်နှင့် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀ဝ/-) ကျပ်အား (၁၀-၆-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဖျာပုံမြို့နယ်တွင် မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

            လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့၊ မြို့လည်ခေါင်တွင် စိုက်ထူထားသည့် ရာသီအလိုက်ဖြစ်ပွားတက်သည့် သဘာဝဘေးများ အသိပညာပေးဗီနိုင်းပိုစတာကို မိုးရာသီ ရောက်ရှိ လာပြီးဖြစ်ပါသဖြင့် မုန်တိုင်းဘေးဗီနိုင်းပိုစတာကိုအသစ်လဲလှယ်တပ်ဆင်ခြင်းပြုလုပ်ဆောင်ရွာက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar # ayy_jun2019

  • မြစ်ကြီးနားမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ အေးစေတီရပ်ကွက်၊ နယ်မြေ(၄)၌ (၉- ၆-၂၀၁၉) ရက်နေ့ (၀၈:၅၀) နာရီအချိန်ဖြစ်ပွားခဲ့သည့်မီးဘေးတွင် လူနေအိမ် (၁) လုံးမီးဘေး သင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်နှင့်  ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၁)စုစာ၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး(၁၂၆၀၀/-) ကျပ်၊ စုစုပေါင်း (၂၁၂၆၀၀/-) … Read more

  • သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့်အသိပညာများဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉) ရက်နေ့၌ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် (အ.ထ.က) တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သည့် အသိပညာများဆွေးနွေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား  သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်နှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #krn_jun2019 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကယားပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ဘူးကူးကျေးရွာအုပ်စု၊ ဒေါ်ဘူးကူးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ရပ်ရွာနေပြည်သူ (၈၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

  • တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဆန်းချီရပ်ကွက်၊ ဆန်းချီမူလွန်ကျောင်း၌ ကျောင်းသား/သူစုစုပေါင်းလူဦးရေ (၂၅၀)ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပို့ချခဲ့ကြောင်းနှင့် မိုးကြိုးဘေးဗီနိုင်ပိုစတာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် (၇-၆-၂၀၁၉) ရက်တွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂၆) စုမှ လူဦးရေ (၁၈၈၉) ဦးတို့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နှင့် ပေါက်တောပြင်ကျေးရွာများတွင် ယာယီခိုလှုံလျက်ရှိပါသည်။ အဆိုပါတိုက်ပွဲ ရှောင် အိမ်ထောင်စု (၇၂၆) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (တန်ဖိုး၇၁၃၆၅၈၀/-) ကျပ်နှင့် လူဦးရေ (၁၈၈၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၁၇၀၀၁၀၀၀/-) ကျပ်၊ … Read more

  • သောက်သုံးရေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၆-၂၀၁၉) ရက်နေ့၊ နံနက် ပိုင်းတွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာအုပ်စု၊ ပိန်းတောကြီးကျေးရွာနှင့် ပိန်းတောလေးကျေးရွာရှိအိမ်ခြေ  (၉၄) လုံး၊ လူဦးရေ (၄၃၀) ဦးအတွက် သောက်ရေသန့်(၂၀) လီတာဘူး (၉၄) ဘူးနှင့် ညနေပိုင်းတွင် သံတွဲမြို့နယ်၊ ပဒဲကော ကျေးရွာအုပ်စု၊ မြုံချောင်ရွာသစ်ကျေးရွာရှိ အိမ်ခြေ (၇၀) လုံး၊ လူဦးရေ (၃၂၀) ဦးအတွက် သောက်ရေသန့် (၂၀) လီတာဘူး (၇၀) … Read more

Sign Up

Upcoming Events