တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်များတွင် တိုက်ပွဲ များဖြစ်ပွားမှုကြောင့် (၇-၆-၂၀၁၉) ရက်တွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၇၂၆) စုမှ လူဦးရေ (၁၈၈၉) ဦးတို့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နှင့် ပေါက်တောပြင်ကျေးရွာများတွင် ယာယီခိုလှုံလျက်ရှိပါသည်။ အဆိုပါတိုက်ပွဲ ရှောင် အိမ်ထောင်စု (၇၂၆) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (တန်ဖိုး၇၁၃၆၅၈၀/-) ကျပ်နှင့် လူဦးရေ (၁၈၈၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (၁၇၀၀၁၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၂၄၁၃၇၅၈၀/-) ကျပ်တို့အား (၉-၆-၂၀၁၉) ရက်နေ့တွင် တိုက်ပွဲရှောင်ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_jun2019  Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events