လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ အေးစေတီရပ်ကွက်၊ နယ်မြေ(၄)၌ (၉- ၆-၂၀၁၉) ရက်နေ့ (၀၈:၅၀) နာရီအချိန်ဖြစ်ပွားခဲ့သည့်မီးဘေးတွင် လူနေအိမ် (၁) လုံးမီးဘေး သင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု(၁)စုစာ၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး(၁၂၆၀၀/-) ကျပ်၊ စုစုပေါင်း (၂၁၂၆၀၀/-) ကျပ်တို့အား (၁၀-၆-၂၀၁၉) ရက်နေ့ (၁၅:၄၀)နာရီအချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_jun2019
ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)