Author Archives: Department of Disaster Management
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ သောက်ရေသန့်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ စက်တောင်ကျေးရွာနေပြည်သူ အိမ်ထောင်စု(၁၀၄)စု၊ လူဦးရေ (၄၂၃)ဦးအတွက် (၂၁-၆-၂၀၁၉)ရက်နေ့က သောက်သုံးရေဂါလံ(၆၀၀၀)ကို ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေး အသိပညာပေး ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၆-၂၀၁၉)ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ အ.လ.က(စီပင်ကြီး)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ အင်အား (၂၅၀)ဦးဖြင့်ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ မြေပြိုဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် ဗလာစာအုပ်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
ချင်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် IOM တို့ပူးပေါင်းကျင်းပသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်အခမ်းအနားကို (၂၀-၆-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၊ ဟားခါးမြို့၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ပြည်နယ်ဦးစီးမှူး(ဘစမ)နှင့် IOMမှ အမျိုးသားအစီအစဉ်အရာရှိတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဖိုရမ်ရေးဆွဲရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးချစ်ကျော်(ညွှန်ကြားရေးမှူးငြိမ်း)က ချင်းပြည်နယ်၏ မိုးလေဝသနှင့် ဇလဗေဒအခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားသင့်သည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အကြောင်းအရာများ ဆွေးနွေးပြောကြား ခဲ့ကြောင်း၊ အဆိုပါပွဲသို့ တက်ရောက်လာသူများမှ ကဏ္ဍအသီးသီးအဖွဲ့လိုက်ဆွေးနွေးခဲ့ကြောင်း၊ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းဖိုရမ်အားကောင်းရန် … Read more
-
ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် (၁၉-၆-၂၀၁၉)ရက်နေ့(၁၁၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ/အိမ်ထောင်စု (၅)စုမှ လူဦးရေ(၂၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၄၄,၁၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၅၄၄,၁၀၀)ကျပ်တို့အား (၁၉-၆-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်မှတာဝန်ရှိသူများ၊ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းအား (၁၉-၆-၂၀၁၉)နေ့မှ (၂၁-၆-၂၀၁၉)နေ့အထိ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၌ (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားအား (၁၉-၆-၂၀၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)ရှိတာဝန်ရှိသူမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉) ရက်၊ နေ့ (၁၃း၀၀) နာရီတွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၁၅) အခြေခံပညာမူလတန်း ကျောင်းမှ ဆရာ/မနှင့်ကျောင်းသား/သူ (၅၀) ဦးခန့်အား ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံ ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခဲ့ပြီးလက်ကမ်း စာစောင်များ ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉) ရက်နေ့တွင် ပူတာအိုမြို့နယ်၊ မြို့ရပ်ကွက်၊ မြို့မဈေး အတက်ပန်းခြံကုန်းရှေ့တွင် သဘာဝဘေးအသိပညာ ပေးဆိုင်းဘုတ်များစိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun 2019 Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉) ရက်နေ့တွင် World Vision နှင့်ပူးပေါင်း၍ ချာင်းဝကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ရွှေပြည်စိုး ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ ခရိုင်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်၊ ကြက်ခြေနီ၊ မိခင်နှင့်ခလေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာမှစီစဉ်ဆောင်ရွက်ပေးသူများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရွာသူ/သားများနှင့်အတူ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခန်းပြုလုပ်ခဲ့ရာ ပူးပေါင်းပါဝင်ဆောင်ရွက်သူ လူဦးရေ (၃၅၀) ဦးပါဝင်ခဲ့ကြောင်း သတင်း ရရှိပါသည်။ simex #tny_jun2019Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖွံ့ဖြိုးမှုစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေထည့်သွင်း ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖရူဆိုမြို့၌ ဖွံ့ဖြိုးမှုစီမံ ကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေထည့်သွင်းပေါင်းစပ် ဆောင်ရွက်ခြင်းဆိုင်ရာသင်တန်းအား (၁၈-၆-၂၀၁၉) ရက်နေ့တွင်ဖွင့်လှစ်ခဲ့ရာ သင်တန်း ကာလမှ (၁၈-၆-၂၀၁၉) ရက်နေ့မှ (၂၀-၆-၂၀၁၉) ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ ဖရူဆိုမြို့နယ်အဆင့်ဌာနဆိုင်ရာ သင်တန်းသား (၂၇) ဦး တက်ရောက်ပြီး ပြည်နယ် ဦးစီးမှူးနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဌာန ပြည်နယ်ဦးစီးမှူးတို့မှ သင်ခန်းစာများပို့ချသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kyn_jun2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
