လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းအား (၁၉-၆-၂၀၁၉)နေ့မှ (၂၁-၆-၂၀၁၉)နေ့အထိ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၌ (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားအား (၁၉-၆-၂၀၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)ရှိတာဝန်ရှိသူမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါဖွင့်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။