လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင် (၁၉-၆-၂၀၁၉)ရက်နေ့(၁၁၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ/အိမ်ထောင်စု (၅)စုမှ လူဦးရေ(၂၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၄၄,၁၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၅၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၅၄၄,၁၀၀)ကျပ်တို့အား (၁၉-၆-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်မှတာဝန်ရှိသူများ၊ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။