Author Archives: Department of Disaster Management

  • ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့နံနက် (၁၃ဝဝ)နာရီမှ(၁၄ဝဝ)နာရီအချိန်တွင် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက် အလယ်တန်းကျောင်း၌ ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ရှောင်ရန် ဆောင်ရန်းများနှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသူ\သား ဦးရေ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။

  • ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော္ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့နံနက်(၀၉၃၀)နာရီမှ(၁၀၃၀)နာရီအချိန်တွင် ဗန်းမော်မြို့၊ (၃)မိုင်ရပ်ကွက်၊ ချမ်းမြေ့မဉ္ဇရီ သီလရှင်သင်ပညာရေးကျောင်း၌ ငလျင်ဘေး၊ မြေပြို၊ မိုးကြိုး ၊ရေဘေးနှင့် စပ်လျဉ်း၍ရှောင်ရန် ဆောင်ရန်းများ၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသူ\သား ဦးရေ(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့နေ့လည်ပိုင်းတွင် အလက လွယ်မွန်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပို့ချမှသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် အလကခွဲ(ဆီဆိုင်) ဆီဆိုင်မြို့၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်ဘေး အသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများပြသခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း (၂/၂၀၁၉) ကို (၂၅-၆-၂၀၁၉)ရက်နေ့မှ (၂၇-၆-၂၀၁၉)ရက်နေ့ထိဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မိုးကြိုးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်မှ မိုးကြိုးပစ်၍ သေဆုံးသူ (၁)ဦးအတွက် (၂၇-၆-၂၀၁၉)ရက်နေ့တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀,၀၀ဝ)ကျပ် အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သထုံမြို့နယ်အတွင်း DAN Mobile Application အသုံးပြုပုံများနှင့်ပတ်သတ်၍ ကွင်းဆင်းဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ မြို့မဈေးနှင့် ဘင်လှိုင်ရပ်ကွက်တို့တွင် DAN Mobile Application နှင့်စပ်လျဉ်း၍ အသိပညာများဖြန့်ဝေခြင်း၊ ကြော်ငြာစတေကာများကပ်ခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   Source:         သထုံခရိုင်ဦးစီမှုးရုံး  

  • ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီမှုး ရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့ (၁၀:၀၀)မှ(၁၂:၀၀) ထိ ကျိုင်းတုံမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ(၂၁၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွါးမီ၊ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်းဆောင်ရန်/ရှောင်ရန် များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ် နေစဉ်နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_jun2019 … Read more

  • ကရင် ပြည်နယ်၊ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့တွင် အ.ထ.က(တရုတ်လှ)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/သူအင်အား (၂၀၀)ဦး ဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ် သော သိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ဗလာစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source:         ကရင်ပြည်နယ်ဦးစီးမှူးရုံး  

  • ဘီးလင်းမြို့နယ်အတွင်း သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၆-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီ မှ (၁၁:၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၌ ပြည်သူ လူထု အင်အား(၁၀၀)ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mon_jun2019 Source:         ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး  

Sign Up

Upcoming Events