လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့တွင် အ.ထ.က(တရုတ်လှ)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/သူအင်အား (၂၀၀)ဦး ဖြင့်ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ် သော သိကောင်းစရာများ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများ ဗလာစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_jun2019
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး