လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် အလကခွဲ(ဆီဆိုင်) ဆီဆိုင်မြို့၌ ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်ဘေး အသိပညာပေးဟောပြောခြင်း၊ ပညာပေးဗွီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်းများပြသခဲ့ကြောင်း သတင်းရရှိပါသည်။