လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၆-၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီ မှ (၁၁:၃၀)နာရီအထိ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၌ ပြည်သူ လူထု အင်အား(၁၀၀)ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_jun2019
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး