Author Archives: Department of Disaster Management
-
မြေပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ (၈-၇-၂၀၁၉)ရက်နေ့ သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၁၂၆၀၀/-) စုစုပေါင်းကျပ် (၆၂၆၀၀/-)အား(၁၁-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #krn_jul2019 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးမှူးရုံး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မိုင်းဖြတ်မြို့နယ်ဦးမှူးရုံးမှ တာဝန်ရှိသူသည် (၁၀.၇.၂၀၁၉) ရက်နေ့တွင် တာလေမြို့၌ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာ လူအင်အား(၇၀)တက်ရောက်ခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေနွေးပွဲတွင် တာလေမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးငြိမ်းသတ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ကျန်းမာရေးဦးစီးဌာနမှ သဘာဝဘေးမကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီး ဆောင်ရွက်ရမည့် ကျန်းမာရေးဗဟုသုတများ ရှင်းလင်းဆွေးနွေးခြင်း၊ တတ်ရောက်သူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၈၀) ဦးအား (၁၁.၇.၂၀၁၉) ရက်နေ့ နံနက်တွင် ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ ၊ ဘေးရှစ်မျိုးဆောင်ရန်ရှောင်ရန်များ၊ သဘာဝဘေး Videoများ ပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပညာပေးဗီနိုင်းများ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး
-
ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉)ရက်နေ့တွင် မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု(၂)စု လူဦးရေ(၆)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၆၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး ၂အိမ်ထောင်စာအား (၁၁-၇-၂၀၁၉)ရက်နေ့ မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jul2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၇.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရပ်စောက်မြို့နယ် အ.လ.က (၃)၌ ကျောင်းသား/ သူ (၂၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ အမှတ်(၇၂)ရပ်ကွက် ၊ စွယ်တော်လမ်းတွင် (၄.၇.၂၀၁၉)ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးသွားသော နေအိမ်(၁)လုံးနှင့် သေဆုံးဒဏ်ရာပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၀၀,၀၀ဝိ/-)၊ သေဆုံးထောက်ပံ့ငွေကျပ် (၃၀၀,၀၀ဝိ/-)၊ ဒဏ်ရရာထောက်ပံ့ငွေကျပ် (၅၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ်(၆၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၅၆,၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စုစာအား (၁၀.၇.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမြို့နယ်ထွေ/အုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ၊ အမှတ်(၅)ရပ်ကွက် သံသုမာလမ်းတွင် (၂.၇.၂၀၁၉)ရက်နေ့တွင် မီးလောင်မှုကြောင့် ဟူစွန်နီယာအာစေမွန်လုအွန်ဘာသာရေးကျောင်း(အစ္စလာမ်မိဘမဲ့စာသင်ကျောင်း) မီးလောင်ဆုံးရှုံးခဲ့ပြီး ကျောင်းသား(၇၇)ဦး မီးဘေးသင့်ခဲ့သဖြင့် (၁၀.၇.၂၀၁၉)ရက်နေ့တွင် ကျောင်းဆောက်ပစ္စည်းဖိုး ငွေကျပ်(၃၀၀,၀၀ဝိ/-)နှင့် ဗလာစာအုပ်(၃၂)ဒါဇင်အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်တို့နှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_jul2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၉) ရက်နေ့ လွိုင်ကော်မြို့၊ အထက(၁) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်း သူ (၂၆၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_jul2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ မြင်းခြံစုကျေးရွာနှင့် ထူးကျေးရွာတို့တွင် (၉-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၃)လုံး၊ အိမ်ထောင်စု (၂၃) စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂,၃၀၀,၀၀၀)ကျပ်၊ လူဦးရေ(၁၀၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၁၆,၃၀၀)ကျပ်နှင့် အိမ်ထောင်စု (၂၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးစီ တို့အား (၁၀-၇-၂၀၁၉)ရက်နေ့ (၁၃:၂၀)အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၇.၂၀၁၉) ရက်နေ့ (၁၀:၀၀)နာရီမှ(၁၁း၃၀)နာရီထိ မွန်ပြည်နယ် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်၊ အ.ထ.က(၃)သထုံတွင် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း(၃၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး၊ အဆိုပါကျောင်းရှိ ဆရာ/ဆရာမ များအား (DAN) Mobile Application ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး
