ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

10_Pic_01

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ မြင်းခြံစုကျေးရွာနှင့် ထူးကျေးရွာတို့တွင် (၉-၇-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၃)လုံး၊ အိမ်ထောင်စု (၂၃) စု တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂,၃၀၀,၀၀၀)ကျပ်၊ လူဦးရေ(၁၀၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၆,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၁၆,၃၀၀)ကျပ်နှင့် အိမ်ထောင်စု (၂၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးစီ တို့အား (၁၀-၇-၂၀၁၉)ရက်နေ့ (၁၃:၂၀)အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
#ha_rbe
#mgy_jul2019
 
 
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events