သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

 

11_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးမှူးရုံး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မိုင်းဖြတ်မြို့နယ်ဦးမှူးရုံးမှ တာဝန်ရှိသူသည် (၁၀.၇.၂၀၁၉) ရက်နေ့တွင် တာလေမြို့၌ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ရာ လူအင်အား(၇၀)တက်ရောက်ခဲ့ပြီး အဆိုပါ အလုပ်ရုံဆွေနွေးပွဲတွင် တာလေမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်အကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးငြိမ်းသတ်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း ကျန်းမာရေးဦးစီးဌာနမှ သဘာဝဘေးမကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီး ဆောင်ရွက်ရမည့် ကျန်းမာရေးဗဟုသုတများ ရှင်းလင်းဆွေးနွေးခြင်း၊ တတ်ရောက်သူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#shn_jul2019

Source:         မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events