Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ၌ (၂၁- ၈-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ မီးဘေးသင့်လူဦးရေ (၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်နှင့် ထိခိုက်ဒဏ်ရာရလူနာ(၁)ဦးအတွက်(၅၀၀၀၀/-)စုစုပေါင်းထောက်ပံ့ငွေ(၁၆၂၆၀၀/-)ကျပ်အား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ (၂၃-၈-၂၀၁၉)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းကျေးရွာတွင်(၂၁-၈-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီး(သွပ်မိုး၊ပျဉ်ခင်း) (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၂၀၀/-)၊ JICA စောင်(၁)ထည် ASK kit (၁)စုံတို့ကို (၂၃-၈-၂၀၁၉)ရက်နေ့ နေ့လည်(၁၂း၅၀)နာရီအချိန်တွင် ဘိုကလေးအထွေထွေအုပ်ချုပ်ရေးဦးဌာနမှတာဝန်ရှိသူများ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_aug 2019  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေ (၁ဝး၀၀)နာရီမှ (၁၂းဝဝ)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ၊ ဘုန်းကြီးကျောင်း(ဓမ္မာရုံ)၌ ပြည်သူလူထုအင်အားစုစုပေါင်း(၁၀၀)ဦးခန့်ကို ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_aug 2019 Source း သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉)ရက်နေနံနက် (၀၉း၃၀)နာရီ မှ(၁၁း၃၀)နာရီအထိ မိုင်းဖြတ်မြို့နယ်၊ အမှတ် (၂၂၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁ဝ)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အခြားသဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်များ၊ ဘေးမဖြစ်မီ ကြိုတင် ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားနေစဉ် လိုက်နာသင့်သည့် ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ … Read more

  • ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့်ဒေသခံပြည်သူများအားဆက်လက်ထောက်ပံ့ပေးအပ်

    ဩဂုတ်၂၂၊စစ်တွေ         ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကယနေ့ညနေပိုင်းတွင်ထောက်ပံ့မှုများ ဆက်လက်ပေးအပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူများအတွက်နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများ ပေးအပ်လျက် ရှိရာ ထောက်ပံ့ငွေပေးအပ်ပွဲကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ငွေ (၁၅၆၅.၈၂) သိန်းအားထောက်ပံပေးအပ်ရာရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကလက်ခံခဲ့ပါသည်။ ထောက်ပံ့မှုများကို ၂၀၁၈ခုနှစ်ဒီဇင်ဘာလ၊ တတိယ ပတ်မှ စတင်၍ဆန်ရိက္ခာဖိုးငွေများကိုထောက်ပံ့ပေးအပ်ခဲ့ပြီးယခုအကြိမ်သည် (၆) ကြိမ်မြောက်ထောက်ပံ့ပေးခြင်းဖြစ်ပါသည်။ တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၇၆၀၃၉) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့(၀၉းဝဝ)နာရီမှ(၁၀း၃၀)နာရီအထိ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ကျုံပေါကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ပြည်သူလူထု(၁၅၀)ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source း မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug 2019  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ပြည်သူလူထု(၆၀)ဦးကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug 2019 Source း နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မယ်နင်ရွာ(အ.လ.က-ခွဲ)ကျောင်းတွင် ကျောင်းသူ၊ကျောင်းသား  အင်အား(၆၀)ဦး ကို သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source း မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug 2019  

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ဆွမ်မြောက်ရပ်ကွက် ဝမ်းကျောင်းရပ်တွင် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်। လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးပါ(၁)အိမ်ထောင်စာ၊ စုစုပေါင်းထောက်ပံ့မှု (၂၆၆၃၅၃/-)ကျပ်အား (၂၃-၈-၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source း မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #shn_aug 2019  

Sign Up

Upcoming Events