လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ(၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မယ်နင်ရွာ(အ.လ.က-ခွဲ)ကျောင်းတွင် ကျောင်းသူ၊ကျောင်းသား အင်အား(၆၀)ဦး ကို သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source း မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_aug 2019