Author Archives: Department of Disaster Management

  • ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်း

    မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မိတ္တီလာမြို့ဦးဆောင် စေတနာရှင်များအဖွဲ့နှင့် ရဟန်းရှင်လူ မြို့သူမြို့သားများက လှူဒါန်းငွေကျပ် (၄၂,၆၈၆,၇၅၀/-) (ကျပ်လေးရာနှစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ခြောက်ထောင်ခုနှစ်ရာ့ငါးဆယ်တိတိ/-)နှင့် တမီလ်ပါရ်ကဝဲကုလလူမှုဖွံ့ဖြိုးရေးအဖွဲ့က လှူဒါန်းငွေ ကျပ် (၅,၀၀၀,၀၀၀/-) (ကျပ်သိန်းငါးဆယ် တိတိ/-) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_aug2019 နေပြည်တော်၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၉)ရက်နေ့တွင် ခရမ်းမြို့နယ်၊ ရေကျော်ကျးရွာ၊ အထက်တန်းကျောင်းခွဲ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၀၀)ဦးကျော်တို့အား သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အချက်များကို ဆွေးနွေးဟောပြောခဲပါကြောင်း သတင်းရရှိပါသည်။ Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ygn_aug 2019

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာ၌ (၂၆-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၆)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀ဝ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၇၀၀,၀၀၀/-)ကျပ်တို့ကို (၂၇-၈-၂၀၁၉)ရက်နေ့၊ (၁၂း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2019 Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)    

  • ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းတို့ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ (၂၇-၈-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ (အ.ထ.က) ကန်ပြားကျေးရွာ၌ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၃၀၀) ဦးပူးပေါင်းပါဝင်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #simex_eqk #mgy_aug2019 Source:           မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ နှင်းဆီလမ်း၌ (၂၆-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်တို့ကို (၂၇-၈-၂၀၁၉)ရက်နေ့တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_aug2019 Source:           ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မြေပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်နှင့်တောင်အောက်ကျေးရွာတို့၌ (၂၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ပျက်စီးဘာသာရေးအဆောက်အဦ (၁)လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၃)အိမ်ထောင်စုစာ၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ဘေးသင့်လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်တို့ကို (၂၆-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #kyh_aug2019 … Read more

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာ ရပ်ကွက်၌ (၂၃-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ (၂၄-၈-၂၀၁၉) ရက်နေ့၊ (၁၈း၀၀)အချိန်တွင် ကလေးမြို့နယ်၊ ပျဉ်းတောဦးအုပ်စု၊ မြစိမ်းရွာအနီး မန်လုံချောင်းအတွင်း ရေနစ်သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်တို့ကိုလည်းကောင်း (၂၆-၈-၂၀၁၉) ရက်နေ့၊ … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ သစ်စိမ့် ကုန်းကျေးရွာ၌  (၂၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထာင်စုစာ တို့ကို (၂၇-၈-၂၀၁၉) ရက်နေ့၊ (၁၀း၄၅) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2019 Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍  ရွှေညောင်မြို့၊ ရွှေညီလာခန်းမ၌  (၂၆-၈-၂၀၁၉) ရက်နေ့တွင် မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ စုစုပေါင်းလူဦးရေ (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ဗမာတိုင်းရင်းသားဝန်ကြီးက အမှာစကားပြောကြာခဲ့ပြီး တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြင်း၊ ရေကြီးရေလျှံမှုများအတွက် အဓိကဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_aug2019 Source:           ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events