လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်နှင့်တောင်အောက်ကျေးရွာတို့၌ (၂၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ပျက်စီးဘာသာရေးအဆောက်အဦ (၁)လုံးအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၃)အိမ်ထောင်စုစာ၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စုစာနှင့် ဘေးသင့်လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်တို့ကို (၂၆-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_lsd
#kyh_aug2019
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး(ဘစမ)