မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မိတ္တီလာမြို့ဦးဆောင် စေတနာရှင်များအဖွဲ့နှင့် ရဟန်းရှင်လူ မြို့သူမြို့သားများက လှူဒါန်းငွေကျပ် (၄၂,၆၈၆,၇၅၀/-) (ကျပ်လေးရာနှစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း ခြောက်ထောင်ခုနှစ်ရာ့ငါးဆယ်တိတိ/-)နှင့် တမီလ်ပါရ်ကဝဲကုလလူမှုဖွံ့ဖြိုးရေးအဖွဲ့က လှူဒါန်းငွေ ကျပ် (၅,၀၀၀,၀၀၀/-) (ကျပ်သိန်းငါးဆယ် တိတိ/-) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_aug2019
နေပြည်တော်၊ သြဂုတ် ၂၇