Author Archives: Department of Disaster Management

  • လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် မိုးနဲမြို့နယ်ထွေအုပ်ရုံးခန်းမ၌ လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အင်အား(၇၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2019 Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့

      အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက် အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မဒေါက်တိုင်တရာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျာင်းထိုင် ဘုန်းတော်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသော ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအားတွ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၄၆၀၉)ဦးအတွက် ဆန်ရိက္ခာဘိုးငွေကျပ်( ၉,၆၇၈,၉၀၀ )၊ ညောင်လေးပင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုကော်မတီကို တာပေါ်လင် လိပ် … Read more

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦး အတွက် အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ (၁၄) ရက်စာ၊ တန်ဘိုး (၂၃၆၂၄၂၂ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #shn_sep2019 Source:         ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ဝန်ထမ်းအိမ်ယာနှင့် School Shelter ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးစဝီလီဖရန့်သည် (13-9-2019)ရက်နေ့တွင် မော်လိုက်ခရိုင်ဦးစီးမှူးရုံး (၄)ခန်းတွဲ(၂)ထပ်၊ (100×40×24)ပေ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု အခြေအနေနှင့် မော်လိုက်မြို့နယ်၊  ကြာအင်းကျေးရွာအထက်တန်းကျောင်းဝန်းအတွင်း တည်ဆောက်နေသော School Shulter ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #sgg_sep2019 Source:         စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မိုင်းပန်မြို့ မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၁၂)ရက်နေ့  နံနက်ပိုင်းက မိုင်းပန်မြို့နယ် ထွေအုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးမှ အမှာစကားပြောကြားခြင်း လူမှုဝန်ထမ်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးများ၊ ပြည်နယ်အမျိုးသမီးများနှင့်ကလေးငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပြည်နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးခြင်း၊ လာသူများမှဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အင်အား(၉၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2019 Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • မောက်မယ်မြို့တွင် မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက မောက်မယ်မြို့နယ်ထွေအုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးမှ အမှာစကားပြောကြားခြင်း လူမှုဝန်ထမ်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးများ၊ ပြည်နယ်အမျီုးသမီးများနှင့်ကလေးငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပြည်နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှတာဝန်ရှိသူများမှ တာဝန်ရှိသူများမှရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တက်ရောက်လာသူများမှဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2019 Source:         ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာ၌ (၁၂-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၁၆)လုံး အိမ်ထောင်စု (၁၆)စုမှ လူဦးရေ (၈၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန် ပုံငွေ (၁၆၈၀၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၇၆၈၀၀ဝိ/-) အား (၁၃-၉-၂၀၁၉) ရက်နေ့ (၁၃း၂၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   … Read more

  • သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ပျားကျေးရွာအုပ်စု၊ ပျားကျေးရွာတွင်(၁၄-၉-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်၌ မမျှော်လင့်နိုင်သော သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် မြစ်သာတမံဆည်ရှိ ရေများကျိုးပေါက်၍ ရေဘေးအန္တရာယ်ခံစားရနိုင်ခြေရှိသည့် ဆည်အောက်ရှိကျေးရွာများမှ ပြည်သူလူထု အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းနိုင်သမျှ လျော့နည်းစေရန် ရည်ရွယ်၍ ရေဘေးကြိုတင်ကာကွယ်ရေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ တည်ဆောက်ရေး(၈)၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျေးရွာပြည်သူလူထု စုစုပေါင်း(၄၀၈)ဦးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_sep2019 Source:         ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံးအတွက် ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၁၃-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျသောင်းတောင်ကျးရွာအုပ်စု၊ ကျသောင်းတောင်ကျေးရွာတွင် ကမ်းပါးပြိုကျမှုမှကာကွယ်ရန် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀ဝိ/-)နှင့် လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀ဝိ/-)ကျပ် စုစုပေါင်း(၁၁၀၅၀ဝိ/-)တို့အား (၁၃.၉.၂၀၁၉)ရက်နေ့(၁၆း၁၀)အချိန်တွင်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #Unicode Version# #ha_rbe #npw_sep2019 Source:         ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၁၃-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၁၂,၆၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀ဝိ/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၅:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_sep2019 Source:         မင်းဘူးခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events