လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြစ်ဝကျေးရွာအုပ်စု၊ သံပုရာချောင်းကျေးရွာ၌ (၁၂-၉-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းဖျက်သိမ်းနေအိမ် (၁၆)လုံး အိမ်ထောင်စု (၁၆)စုမှ လူဦးရေ (၈၀)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀ဝဝဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန် ပုံငွေ (၁၆၈၀၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၇၆၈၀၀ဝိ/-) အား (၁၃-၉-၂၀၁၉) ရက်နေ့ (၁၃း၂၅)နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)