လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက မောက်မယ်မြို့နယ်ထွေအုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးမှ အမှာစကားပြောကြားခြင်း လူမှုဝန်ထမ်းနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်မှူးများ၊ ပြည်နယ်အမျီုးသမီးများနှင့်ကလေးငယ်များဘဝမြှင့်တင်ရေးအသင်းနှင့် ပြည်နယ်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့မှတာဝန်ရှိသူများမှ တာဝန်ရှိသူများမှရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တက်ရောက်လာသူများမှဝိုင်းဝန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)