Author Archives: Department of Disaster Management
-
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများ လာရောက်လှူဒါန်း
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့် ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ပေး နိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ငွေကျပ်သိန်း (၁ဝဝ) ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်ပညာရေးမှူးနှင့် ပညာရေးမိသားစုက ငွေကျပ် (၂,၁၅၇,ဝ၅ဝိ/-)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုရေးသုတေသန ဦးစီးဌာန ဝန်ထမ်းများ၏ မျှဝေခြင်းအစီအစဉ်က ငွေကျပ် (၂၅) သိန်းကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ် ၊ မြိုင်ကလေးနယ်မြေအတွင်းရှိ အမှတ်(၉၁၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းသို့သို့ အသက်ကယ်အင်္ကျီအထည် (၅၀)ထည်ကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် (၂၀-၉-၂၀၁၉)ရက်နေ့၊ နေ့လည်(၁၄း၀၀)အချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #krn_sep 2019
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ရွှေညောင်မြို့၊ အ.ထ.ကခန်းမတွင် ကျောင်းသား/သူအင်အား (၉၀၀) ဦးကို ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ငလျင်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ငလျင်အသိပညာ ပေးဗီနိုင်းများပြသခြင်း ကျောင်းသား/သူများအား သဘာဝဘေးအသိပညာဆိုင်ရာ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်းနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်မှုများအား လုပ်ဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #simex_eqk #shn_sep 2019
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ နတ်မောက်ကျေးရွာ၌ (၁၉-၉-၂၀၁၉)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပွ၍ သစ်ပင်လဲကျပြီးနေအိမ်ပိ၍ ပြိုကျပျက်စီးမှုမှ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်နှင့် နေအိမ်(၂)လုံး မှဘေးသင့်ပြည်သူစုစုပေါင်း(၉)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈၉၀ဝ/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၂)ပုံးတို့အား (၂၀-၉-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၂:ဝဝ)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_sep 2019
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းအား (၁၉-၉-၂၀၁၉)ရက်နေ့မှ (၂၁-၉-၀၁၉)ရက်နေ့အထိ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃)ရက်တာဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ Sourceး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_ sep 2019
-
ကျောင်းသား/သူများအား ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ (၁၉-၉-၂၀၁၉)ရက်နေ့တွင် ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ DRR working group ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းအစည်းများ ဆရာ/ဆရာမများ ကေင်းသား/ကျောင်းသူများနှင့်ပူးပေါင်း၍ ဖာပွန်ခရိုင် ကမမောင်းမြို့ အ.ထ.က(ကမမောင်း)တွင် ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ကျောင်းသားကျောင်းသူ (၃၀၀) ဦး ဖြင့် ဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာစောင်များ ဗီနိုင်းပိုစတာများလည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2019 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၉) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုကြိုတင်ရွှေ့ပြောင်းနေအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၂၀၀၀၀၀/-)ကျပ်အား (၁၉-၉-၂၀၁၉)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #bgo_sep 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၁၉)ရက်နေ့ မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျောင်းသား/သူ(၇၀၀)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ခရိုင်နှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ အ.ထ.က(၂)မှဆရာ/ဆရာမများ၊ မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းကြက်ခြေနီအဖွဲ့နှင့် Rescue အဖွဲ့များ၊ စုစုပေါင်း(၁၀၀)ဦး စုစုပေါင်းအင်အား (၈၀၀)ဦးခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ နွယ်နီကျေးရွာအုပ်စု နွယ်နီကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု ချင်းယားကျေးရွာတို့တွင် (၁၈.၉.၂၀၁၉)ရက်နေ့၌ ချင်းတွင်းရေမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၄၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၄၀၀၀၀ဝိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု (၄၈)စုမှ လူဦးရေ (၂၁၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ(၄၄၁၀၀ဝိ/-)ကျပ်တို့အား (၁၈-၉-၂၀၁၉)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။ #ha_rbe #mgy_sep2019 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
စက်ရေတွင်းလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၈-၉-၂၀၁၉) ရက်နေ့တွင် ခရမ်းမြို့ ရပ်ကွက် (၂) ၊ရပ်ကွက်(၃)တို့တွင် ၄ လက်မစက်ရေတွင်းတူးဖော်ရန်နှင့် ရေကန်၊ စက်ရေတွင်းအမိုး၊ အကာအပါအဝင်ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၆,၁၀၀,၀၀ဝိ/-) အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တစ်ကျလွှဲပြောင်းပေးခဲ့ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အတွင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_sep2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
