လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း(လူငယ်)ဆင့်ပွားသင်တန်းအား (၁၉-၉-၂၀၁၉)ရက်နေ့မှ (၂၁-၉-၀၁၉)ရက်နေ့အထိ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၃)ရက်တာဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။
Sourceး ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#rke_ sep 2019