Author Archives: Department of Disaster Management
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၁၀-၁၂-၂၀၂၀) ရက်နေ့တွင် မြစ်မခမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေ (၁၀၀,၀၀ဝ/-)ကျပ်ကို (၁၁-၁၂-၂၀၂၀) ရက်နေ့ ၊ (၁၁:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူဘေးသင့်ပြည်သူများ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_dec2020 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ရေးမြို့နယ် ကလော့လေးကျေးရွာအုပ်စု၊ ကလော့ ကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် များကိုအသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာတွင် (၁-၁၂-၂၀၂၀)ရက်နေ့မှ (၇-၁၂-၂၀၂၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ် ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၆၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၄၄,၁၀ဝိ/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေကျပ် (၆၄၄,၁၀ဝိ/-) ကျပ်တို့ကို (၁၀-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် အလယ်စုကျေးရွာ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၌ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မြို့မဈေးရှေ့တွင် COVID-19 ကူးစက်ရောဂါ အသိပညာပေး ဗီနိုင်းမြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းအား ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_dec2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ရွာမ ကျေးရွာ၊ တပ်ပိုးကျေးရွာ၊ ပေါက်တောကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ပြည်သူ များအား အသိပညာပေးခြင်းနှင့် ရေသန့်ဆေးဗူးများအား ထောက်ပံ့ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀) အချိန်မှ (၁၆:၀၀)နာရီအချိန်အထိ ကလေးမြို့၊ မြို့သာရပ်ကွက်၊ ကံပုလဲကျေးရွာ၊ နှောညောင်ပင်ကျေးရွာ၊ ချင်းဆိုင်ကျေးရွာ၊ သာစည်ကျေးရွာ၊ ဇင်းကလင်းကျေးရွာနှင့် ထိုမာကျေးရွာရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု များမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန် အချက် များအား အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးလက်ကမ်း စာစောင် များအား ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2020
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကူးတို့ဆိပ်၊ စျေးအတွင်း၊ မီးရထားဘူတာ စသည့်နေရာတို့တွင် သဘာဝဘေးများဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးပြည်သူများအား သဘာဝဘေးအသိ ပညာဗဟုသုတရရှိ စေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိစေနိုင်ရေးအတွက် (၁၀-၁၂-၂၀၂၀)ရက်နေ့၌ အသိပညာပေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ကနီမြို့နယ်အတွင်းရှိ မိဘပြည်သူများ သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များအား လေ့လာကြည့်ရှုနိုင် ရန်အတွက် မီးဘေး၊ ငလျင်ဘေး၊ ဗီနိုင်းပိုစတာများအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကြော်ငြာဆိုင်းဘုတ်တွင် ချိတ်ဆွဲဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2020
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ ခနောင်ကျေးရွာတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေး ကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ကျောက်ကြီးလမ်းခွဲ တွင် သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် (၉ပေ×၆ပေ) အား စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_dec2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
