
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာတွင် (၁-၁၂-၂၀၂၀)ရက်နေ့မှ (၇-၁၂-၂၀၂၀) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ် ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၆၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၄၄,၁၀ဝိ/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေကျပ် (၆၄၄,၁၀ဝိ/-) ကျပ်တို့ကို (၁၀-၁၂-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် အလယ်စုကျေးရွာ၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_nov2020