COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ရွာမ ကျေးရွာ၊ တပ်ပိုးကျေးရွာ၊ ပေါက်တောကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ပြည်သူ များအား အသိပညာပေး‌ခြင်းနှင့် ရေသန့်ဆေးဗူးများအား ထောက်ပံ့ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ar
#npw_nov2020

Sign Up

Upcoming Events