Author Archives: Department of Disaster Management

  • သောက်သုံးရေ လှူဒါန်းမှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာအုပ်စု၊ အန္တားကျေးရွာ၊ အိမ်ထောင်စု(၅၃)စု၊ လူဦးရေ(၃၀၆)ဦးတို့ အတွက် သောက်သုံးရေရှားပါးမှုကြောင့် ရေဂါလံ(၂၈၀၀)ဂါလံအား (၃၁-၁၂-၂၀၁၉)ရက်နေ့(၁၁း၀၀)နာရီ အချိန်၌ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #otr #mgy_dec2019   Source:                        ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ရေကြည်မြို့နယ်ဉီးစီးမှုးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာတွင် (၂၉-၁၂-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးခဲ့ ရသည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ လူဉီးရေ (၃) ဉီးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ(၆၃၀ဝ) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၆,၃၀ဝ) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ (၃၂,၃၅၃) ကျပ်အား (၃၀-၁၂-၂၀၁၉)ရက်နေ့ … Read more

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊အုန်းတစ်ပင်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာတွင် (၂၈-၁၂-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ(၄)လုံးနှင့် လူဦးရေ(၁၇)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၄)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၅၇၀၀)ကျပ်၊ စုစုပေါင်း (၃၈၅၇၀၀)ကျပ်တို့အား (၃၀-၁၂-၂၀၁၉) ရက်နေ့၊(၁၁း၃၀)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #ayy_dec2019 Soruce:             လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၉) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အသိပညာ ဗဟုသုတများ သိရှိနားလည်သဘောပေါက်စေရန်အတွက် စစ်တွေမြို့၊ လောကနန္ဒာ ဘုရား ရှေ့၌ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #rke_dec2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၉)ရက်နေ့တွင် မင်းဘူးမြို့၊ မြို့မဈေးအရှေ့ဘက် ကံ့ကော်လမ်းတောင့်တွင် ငလျင်ဘေးအသိပညာပေးဆိုင်းဘုတ်အားစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec 2019    

  • ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀)နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ စျေးတောင်ရပ်ကွတ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ရှမ်းကုန်းကျေးရွာနှင့် နတ်မော်ကျေးရွာတို့တွင် ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၁၅၄)စုမှ ကျား(၃၄၃)ဦး၊ မ(၃၇၅)ဦး၊ စုစုပေါင်း(၇၃၁)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ (၁၀၆)အိတ်၊ (၁၄)ပြည်၊ (၄)ဘူး တန်ဖိုးငွေ(၃၀၇၀၂၀၀/-) အား(၃၀-၁၂-၂၀၁၉)ရက်နေ့တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_dec 2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၃-၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ ရန်ကုန်-ကျောက်ဖြူလမ်းနှင့် ရုံးတက်လမ်းထောင့်အဝိုင်းလမ်းဆုံတွင် မုန်တိုင်းအသိပညာပေးဆိုင်းဘုတ်နှင့် ဦးဥတ္တမလမ်းနှင့် ဈေးလမ်းတောင့်တွင် မီးဘေးအသိပညာပေးဆိုင်းဘုတ်အားစိုက်ထူခဲ့ပြီး၊ ကျောက်ဖြူမြို့၊ ပြည်သူ့ဆေးရုံကြီးအနီး၊ ခရစ်ယာန်ကျောင်းရှေ့ ဗီနိုင်းပိုစတာနေရာတွင် မီးဘေးအသိ ပညာပေးပိုစတာအားလှဲလှယ်တပ်ဆင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec 2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၉) ရက်နေ့တွင် ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ သဘာဝဘေးအသိပညာပေး (၆×၉)ပေ ဗီနိုင်းပိုစတာအား သွားရောက်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar # tny_dec 2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဖွင့့်ပွဲအခမ်းအနားကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း (၃/ ၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၂၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:ဝဝ) နာရီအချိန်၌ ပုသိမ်ခရိုင်၊ ကန်ကြီးထာင့်မြို့နယ်၊ ရှမ်းရွာကျေးရွာ၊ ရှမ်းရွာကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ နယ်အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူကတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၅) … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်၌ (၂၄-၁၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး အိမ်ထောင်စု(၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၂၉-၁၂-၂၀၁၉) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူ့လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_dec2019 Source:           ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events