Author Archives: Department of Disaster Management
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ဇန်နဝါရီ ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Mr. Francois Lafreniere ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းဝန်ဆောင်မှုများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကိစ္စရပ်များနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအား သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ကြက်ခြေနီလှုပ်ရှားမှု အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီ မှ(၁၄:၃၀)နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ ရေလည်စုရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ၊ စုစုပေါင်းတက်ရောက်လာသူ(၁၅၀)ဦးအား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်းနှင့် နံရံကပ်ပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးသို့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအားလက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #bgo_feb2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်တွင် တွံတေးမြို့နယ်၊ အ.ထ.က(၂)၌ သဘာဝဘေးအန္တရာယ်မြေငလျင်နှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်များအား ဆောင်ရွက်နိုင်စေရန်အတွက် ဆရာ/ဆရာမနှင့် ကျောင်းသူ/ကျောင်းသား (၄၀ဝ)ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2020 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) မှ (၁၁:၀၀) နာရီအချိန် ထိ မော်လမြိုင်မြို့၊ ကျိုက်ဖနဲရပ်ကွက်ဓမ္မာရုံ၌ သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသော ပြည်သူများထံသို့ သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_feb2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပလက်ဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ကျီးလေကျေးရွာအုပ်စု၊ ကျီးလေ(အထက်/အောက်)ကျေးရွာမှ ပလက်ဝမြို့ပေါ်သို့ (၉-၁-၂၀၂၀)ရက်နေ့တွင် တိုက်ပွဲရှောင်ပြောင်းရွှေ့ အိမ်ထောင်စု(၄၀)စုမှ လူဦးရေ(၂၁၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၆၁၄,၄၀၀/-) ကျပ်ကို (၃၁-၁-၂၀၂၀)ရက်နေ့တွင် ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #chn_jan2020 Source: ပလက်ဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခန့်ခွဲမှုရန်ပုံငွေဖြင့်တည် ဆောက်ထားရှိ သော စက်လှေအား စစ်ဆေးကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်အသုံးပြုနိုင် ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခန့်ခွဲမှုရန်ပုံငွေဖြင့် တည် ဆောက်ထားရှိသော သံခွံစက်လှေအင်ဂျင်အမျိုးအစား hino ho 7c(130)hp အရွယ်အစား၊ (52×8.5×4) ပေ (၂) စီး ဆောင်ရွက်ပြီးစီးမှုအခြေအနေအား (၃၁- ၁- ၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။ #tny_jan2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပလက်ဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်၊ ငရှားကျေးရွာအုပ်စု၌ (၂၈-၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဆွဲမိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာသူ (၁) ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှတာဝန်ရှိသူ နှင့်အတူ ပလက်ဝမြို့နယ်ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #chn_jan2020 Source: ပလက်ဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့တွင် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDP စခန်း (၆) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၉၉)စု၊ လူဦးရေ (၁,၉၇၄)ဦး တို့အတွက် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ) (၁၄) ရက်စာ ဆန် (၂၈၈) အိတ်၊ ဆီ (၃၉၉) ပုံး၊ ဆား ပိဿာ (၂၀၀) ၊ နှင့်ကုလားပဲ(၁၄) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၁ – ၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဦးထိန်ဝင်းနေအိမ်၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့်ခဲ့သည့် အိမ်ခြေ(၁)လုံး အိမ်ထောင်စု(၁) စုမှ လူဦးရေ(၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ(၁၀၀,၀၀၀/-) ကျပ် ၊လူဦးရေ(၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ(၁၀,၅၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုးတို့အား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)အချိန်တွင် လှိုင်းဘွဲမြို့နယ်၊ အ.မ.က(၁)မူလွန်ကျောင်း၌ ကျောင်းသား/သူ (၂၇၀)ဦးခန့်ကို မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
