ဇန်နဝါရီ ၃၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Mr. Francois Lafreniere ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းဝန်ဆောင်မှုများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကိစ္စရပ်များနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအား သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ကြက်ခြေနီလှုပ်ရှားမှု အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျူဟာအား အတည်ပြုပြဌာန်းခဲ့ပြီးနောက် မဟာဗျူဟာပါ ပြဌာန်းချက်များနှင့်အညီ စခန်းများပိတ်သိမ်းနိုင် ရေးနှင့် ပြန်လည်နေရာချထားရေးကို စနစ်တကျဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ရေး၊ ကလေးသူငယ်များ ၏ အခွင့်အရေးများဖော်ဆောင်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ သက်ကြီးရွယ်အို များ၏ အခွင့်အရေးဖော်ဆောင်ရေး စသည့်နယ်ပယ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင် ကနေဒါနိုင်ငံမှဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_feb2020
Source: MOSWRR