
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၁-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီ မှ(၁၄:၃၀)နာရီအထိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ ရေလည်စုရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာများအတွင်းရှိ ပြည်သူများ၊ စုစုပေါင်းတက်ရောက်လာသူ(၁၅၀)ဦးအား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်းနှင့် နံရံကပ်ပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးသို့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအားလက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#bgo_feb2020
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)